HomeMovies Blogger Saw Eh Lor News Health Dictionary
. .

Saturday, 11 August 2012

Myanmar Mobile App Market for Android

Android applicaton,game များကို Android ဖုန်း/Tablet များမှ တိုက်ရိုက်ရယူနိုင်မည့် Mobile App Market ” Myanmar Mobile App Market” ကို Download ရယူနိုင်ပါပြီ။ Android ဖုန်းသုံးစွဲသူ Mobile Users များအဆင်ပြေစေဖို့အတွက် Myanmar Mobile Application Store ရဲ့ကြိုးပမ်းမှုတစ်ခုပဲဖြစ်ပါတယ်။



မြန်မာ Mobile App Market ရဲ့ Features များကတော့

-ပထမဆုံးမြန်မာစာစနစ်သုံး မြန်မာ Android market application ဖြစ်ခြင်း

-application မှ မြန်မာစာကိုမြင်ရန် ဖုန်းတွင် root လုပ်ထားရန်/မြန်မာစာ သွင်းထားရန်မလိုအပ်ခြင်း

- ဖုန်းဆော့ဝဲ ၊ ဂိမ်းများအားလုံးကို မြန်မာဘာသာဖြင့် detail ဖော်ပြပေးထားခြင်း

-မြန်မာ Mobile App Market မှ ဆော့ဝဲများကို ခလုတ်တစ်ချက်နှိပ်ရုံဖြင့် Direct Download ရယူနိုင်ခြင်း

-free version ထုတ်ဝေထားသော android app,game များ ၊ ပိုက်ဆံပေးဝယ်ယူရမည့် android app,game များကို မြန်မာ Mobile App Maket တွင်အခမဲ့ရယူနိုင်အောင်တင်ပေးထားခြင်း

တို့ပဲဖြစ်ပါတယ်။
မြန်မာ Mobile App Market တွင် App, Game သီးသန့်ကဏ္ဍများခွဲထားသည့်အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် ကဏ္ဍခွဲများထပ်မံခွဲပေးထားသောကြောင့် မိမိတို့လိုချင်သော app ကိုရှာဖွေရာတွင် ပိုမိုထိရောက်လွယ်ကူစေမည်ဖြစ်ပါသည်။




application,game တစ်ခုစီချင်းဆီ၏အကြောင်းအရာများကို မြန်မာဘာသာဖြင့်သာ ရှင်းလင်းဖော်ပြထားသောကြောင့် Android ဖုန်းကိုင်သော မြန်မာလူမျိုးတိုင်း application တစ်ခုချင်းစီရဲ့အကြောင်းအရာများကို မိမိတို့၏မြန်မာဘာသာစကားဖြင့် အလွယ်တကူနားလည်သိရှိနိုင်မည်ဖြစ်ပါသည်။



“ဆော့ဝဲအားရယူရန်” ဆိုသည့် ခလုတ်အားနှိပ်လိုက်ရုံဖြင့် ဆော့ဝဲကို တိုက်ရိုက် download လုပ်ပေးမည်ဖြစ်သလို ၊ application list ဘေးတွင်ရှိသော Down Arrow လေးကိုနှိပ်၍လည်း မိမိတို့ download လုပ်လိုသောဆော့ဝဲအား direct download (one click download) လုပ်နိုင်မည်ဖြစ်ပါသည်။


download လုပ်လိုက်သော ဆော့ဝဲ ၊ ဂိမ်းတစ်ခု download ပြီးစီးသွားသည့်အခါ Installation လုပ်ဆောင်ရန်ကဏ္ဍသို့ တိုက်ရိုက်ပို့ဆောင်ပေးမှာဖြစ်တာကြောင့် ဆော့ဝဲတစ်ခု download လုပ်ပြီးတာနဲ့ Install ခလုတ်ကိုနှိပ်ရုံဖြင့် ဖုန်းထဲမှာ download လုပ်လိုက်သော ဆော့ဝဲအား install လုပ်ပြီးဖြစ်စေမှာပါ။



သက်ဆိုင်ရာ application list များထဲမှ app,game များကိုရွေးချယ် download လုပ်နိုင်သလို “မှန်ဘီလူးပုံ” သင်္ကေတလေးကိုနှိပ်၍ မိမိတို့ လိုချင်သော ဆော့ဝဲရှိ/မရှိကို ရှာဖွေ၍လည်း download ရယူနိုင်မှာဖြစ်ပါတယ်။


မြန်မာ Mobile App Market for Android ကိုအောက်က link မှာ download ရယူနိုင်ပြီဖြစ်ပါတယ်။

မြန်မာ Mobile App Market အားရယူရန်


အောက်က link မှာလည်း Myanmar Mobile App Market ကို download ရယူနိုင်ပါတယ်။
မြန်မာ Mobile App Market အားရယူရန်(Download link)



Source : Myanmar Mobile App

No comments:

Post a Comment

ဆော့ဝဲတွေ update လုပ်ခိုင်းလျှင်မလုပ်ပါနှင့်။

Related Posts Plugin for WordPress, Blogger...