ကွန်ပျူ တာအသုံးပြုနေစဉ် အကြောင်းတစ်ခုခုကြောင့် ကွန်ပျူ တာရှေ့မှထွက်ခွာရမည်ဆိုပါက မိမိအသုံးပြုနေသည့် ကွန်ပျူ တာအား အခြားသူတစ်ဦးမှ ၀င်ရောက်အသုံးမပြုနိုင်စေရန်အတွက် ကွန်ပျူ တာ ကို Lock ချနိုင်ပါသည်။ မိမိအသုံးပြုလျက်ရှိနေသည့် Program၊ Application များကို အသုံးပြုစဉ်အတိုင်းရှိနေစေပြီး အခြားသူတစ်ဦးမှ ၀င်ရောက်အသုံး မပြုနိုင်သည့်အတွက် Security အပြည့်အ၀ရှိစေမည် ဖြစ်ပါသည်။ ကွန်ပျူ တာကို Lock ချရန်အတွက် Lock Desktop Software ကိုအသုံးပြုနိုင်ပါသည်။ Lock Desktop Software ကို အောက်ဖော်ပြပါ Link တွင် Download ချနိုင်ပါသည်။ ထို့နောက် Install ပြုလုပ်ပြီး အောက်ဖော်ပြပါအတိုင်း ပြုလုပ်ပေးရပါမည်-
၁။ Software ကို Install ပြုလုပ်ပြီးနောက် အောက်ဖော်ပြပါပုံအတိုင်း ဘယ်ဘက် Panel အတွင်းရှိ Password အောက်ရှိ Administrator နှင့် User တို့ကို Click ၍ Password ပေးရပါမည်။
၂။ Tools အောက်တွင် Lock Computer ကို Click ၍ ကွန်ပျူ တာကို Lock ချနိုင်ပါသည်။ ကွန်ပျူ တာကို Lock မချခင် Administrator Tools သို့ဝင်ရောက်၍ မိမိစိတ်ကြိုက် ပြင်ဆင်ပေးနိုင်ပါသည်။ အောက်ဖော်ပြပါပုံအတိုင်း Select ပေး၍ ပြင်ဆင်နိုင်ပါသည်-
၃။ ကွန်ပျူ တာကို Lock ချရာတွင် Normal Protection Mode၊ NT Style Protection Mode၊ Window 2000 XP Style Mode စသည်ဖြင့် နှစ်သက်ရာ ရွေးချယ်ပေးနိုင်ပါသည်။

normal style protect
၎။ ကွန်ပျူ တာကို ပြန်လည်အသုံးပြုလိုပါက Administrator နှင့် User တို့တွင်ဖြည့်သွင်းထားခဲ့သည့် Password များကို မှန်ကန်စွာဖြည့်သွင်း၍ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
၅။ Password မသိပါက ကွန်ပျူ တာကိုအသုံးမပြုနိုင်ခြင်းကြောင့် ကွန်ပျူ တာအတွင်း မိမိဆောင်ရွက်နေသည့် အချက်အလက်များကို အခြားသူတစ်ဦးမှ ၀င်ရောက်ကြည့်ရှုခြင်း များ၊ ခိုးယူခြင်းများ မပြုလုပ်နိုင်ပါ။
၆။ Start\All Program\Quick Lock မှတဆင့် Lock ချနိုင်ပြီး၊ System Policies တွင် Run ကိုဖြုတ်ထားခြင်း၊ Control Panel ကိုဖြုတ်ထားခြင်း၊ Share ပေးခြင်းကို ခွင့်မပြုခြင်း၊ Download လုပ်ခြင်းကိုပိတ်ပင်ခြင်း အစရှိသည်တို့ကို ပြုပြင်နိုင်ပါသည်။
Download ချရန်
No comments:
Post a Comment
ဆော့ဝဲတွေ update လုပ်ခိုင်းလျှင်မလုပ်ပါနှင့်။