ကရင်ဘာသာအားဖြင့် “က္လိုအိုဝ်တ္လာအိုဝ်” ဟုခေါ်သည့်
ကရင်ရိုးရာကြေးဖါးစည်သည် ကရင်ရိုးရာယဉ်ကျေးမှု၏
အရေးကြီးဆုံး ပြယုဂ်များတွင် တစ်ခု အပါအ၀င်ဖြစ်သည်။
အလားတူ စည်များကို တရုတ်၊ မွန်ဂိုလီးယားနှင့် အခြားအ
ရှေ့ တောင်အာရှဒေသများတွင် ပျံ့ နှံ့ စွာ တွေ့ ရသည်။
စည်အမျိုးအစားငါးမျိုးရှိရာတွင် တစ်မျိုးမှာ
ကရင်ဖါးစည်ဖြစ်သည်။ ဖားစည်တွင် လုံးရှည်ပုံ
ကိုယ်ထည်ရှိသည်။ မျက်နှာပြင်သည် အနည်းငယ်ကျယ့်အ
ပြန့် ပြီး အလယ်ဗဟိုရှိ ကြယ်ကို ၀န်းရံထားသော စုဆုံစက်ဝိုင်း
သဏ္ဍာန်မျိုးစုံဖြင့် တန်ဆာဆင်ထားသည်။ မျက်နှာပြင်
ထောင့်စွန်းဝန်းကျင်တွင် လေး သို့ မဟုတ် ခြောက်
အရေအတွက်ရှိသော ဖားများ အကွာအဝေး
တူညီစွာရှိကြသည်။ ဖါးစည်အားလုံးသည်
အရွယ်အစားအမျိုးအမျိုး ပြောင်းလဲမှုရှိပြီး ၎င်းတို့ ကို
သေးငယ်သော လက်ကိုင်နှစ်ခုဖြင့် သယ်ဆောင်ကြသည်။
ဖါးစည်၏ မူလအစကို မည်သူမျှသေချာ မသိပါ။ ကရင်ရိုးရာ
အဆိုအရမူ တစ်နေ့ သ၌ ဖူးမော်ထော်ဟု ခေါ်သော
ကရင်အဘိုးတစ်ယောက်သည် သူ့ ထံ သို့  ဦးတည်လာသော
မျောက်ရိုင်းတစ်အုပ်ကို တွေ့ ရသည်။ အသက်အန္တရယ်ကို
ကြောင့်ရွံ့ သောကြောင့် သူလည်း သေချင်
ဟန်ဆောင်လိုက်သည်။ ၎င်းအချင်းအရာကို တွေ
့မြင်ရသောအခါ အသုဘ အခမ်းအနားအတွက် အုပ်စုထဲမှ
မျောက်များကို စည်ပြန်ယူခိုင်းလေသည်။ နောက်ဆုံးတွင်
မျောက်များသည် ဖါးစည်(၃)မျိုး ရွှေရောင်၊ ငွေရောင်နှင့်
အဖြူရောင်ဖါးစည်များကို ယူဆောင်လာကြသည်။ စည်များကို
တီးခတ်စဉ်အတွင်း ဖူးမော်ထော်က ထထိုင်လိုက်ရာ
မျောက်များက လန့် ပြီး ထွက်ပြေးသောကြောင့်
အဖြူရောင်ဖါးစည်သည် ရေထဲသို့ ပြုတ်ကျသွားတော့သည်။
ဖူးမော်ထော်သည် ကျန်ရစ်သောဖါးစည်များကို
ကရင်လူမျိုးများထံ ယူဆောင်လာပြီးချိန်မှစ၍ ၎င်းတို့ သည်
ကရင်လူမျိုးတို့ ၏ အမြတ်နိုးဆုံးအရာများ ဖြစ်သွားကြသည်။
ထိုအချိန်မှစ၍ ဖါးစည်များကို ဂုဏ်ပြုသောအားဖြင့်
နှစ်စဉ်နှစ်တိုင်း “က္လိုထူးဂေါ်”နှင့် က္လိုခွါ့ ဆေး”ပွဲတော်ကို
နှစ်ပေါင်းများစွာကျင့်ပခဲ့သည်။